ယူရစ်အက်ဆစ်ဓါတ်သည် အစားအစာအများအပြားတွင် တွေ့ရလေ့ရှိသော ပျူရင်း ဓါတ်ပြိုကွဲရာမှ ဖြစ်ပေါ်လာသော စွန့်ပစ် ပစ္စည်းဖြစ်ပါသည်။ ခန္ဓာကိုယ်မှ ယူရစ်အက်ဆစ် အများအပြား ထုတ်သောအခါ ဂေါက် ရောဂါနှင့် အခြား ကျန်းမာရေးပြသနာများ ဖြစ်လာပါသည်။ အောက်တွင် ယူရစ်အက်ဆစ်များစေသော အစား အစာများ ကိုဖေါ်ပြထားပါသည်။
၁။ ကလီစာများ- အသဲ၊ကျောက်ကပ်၊အူ စသည်
၂။ ပင်လယ်စာများ
၃။ အနီရောင် အသားများ- အမဲသား၊ ဆိတ်သား၊ ၀က်သား
၄။ ဘီယာ ၊အရက် (အထူးသဖြင့် ဘီယာ)
၅။ သကြားများသော အချို ရေများ
High fructose က uric acid တက်စေလို့ပါ
၆။ အသီးအနှံ အချို့ -ကညွတ်၊မှို၊ ဟင်းနုနွယ် ပန်းဂေါ်ဖီ
(မှတ်ချက်)
ဒီအစားအစာတို့သည် ယူရစ်အက်ဆစ်တက်စေသော်လည်း တယောက်နှင့်တယောက် မတူညီနိုင်ပါ၊ အစားအစာ တခုခြင်း အပေါ် ခံနိုင်ရည် ရှိပုံလည်း မတူနိုင်ပါ။
အရေးကြီးဆုံးက မျှတသော၊ ကျန်းမာရေးနှင့်ညီညွတ်အဟာရရှိသော အစားအစာများစားရန်နှင့် ရေများများသောက်ရန် လိုအပ်ပါသည်။ရေများများသောက်ခြင်းက စုပုံနေသော ယူရစ်အက်ဆစ်ဓါတ်များကို ဆေးကြော ရှင်းထုတ်လိုက်မည်
ဒေါက်တာ စိုးလူကျော်
M.B.,B.S
M.Med.Sc (Rehabilitation)
MSc (Sports & Exercise medicine/Cardiff, UK)
Fellowship in musculoskeletal ultrasound (NTUH Taiwan)