အားကစား သမားတို့ ခုန်ပြီးနောက် ခြေထောက်များ အောက်သို့ မှန်ကန်စွာကျစေမှု အရေးကြီးပုံ
ခြေထောက်များ ကြမ်းပြင်သို့ မှန်ကန်စွာ ဆင်းသက်ခြင်းသည် လွန်စွာ အရေးကြီးလှပါသည်။ နိုင်ငံတော်တော်များများတွင် ကလေးအရွယ်မှစ၍ မလိုလားအပ်သော ခြေထောက်ဒဏ်ရာများ နှင့် အဖြစ်များသော ခြေထောက်ဒဏ်ရာများ အားကာကွယ်ရန် ဤနည်းစနစ်ကို အခြေခံ ပညာကျောင်းများ မှစတင်၍ သင်ကြားပေးပါသည်။
ခုန်ခြင်းသည် အားကစားများစွာတွင် အသုံးပြုရပြီး မှန်ကန်စွာ မကျလျှင် ရုတ်တရက်သော် လည်းကောင်း၊ တဖြည်းဖြည်း သော်လည်းကောင်း ဒဏ်ရာများ ရစေနိုင်ပါသည်။ အထူးသဖြင့် ခြေချင်းဝတ်၊ ဒူးခေါင်းနှင့် တင်ပါးဆုံရိုး စသည့်ခြေထောက်နှင့်ပတ်သက်သည့် ဒဏ်ရာများကို ကာကွယ်ရန်အတွက် မှန်ကန်စွာ ဆင်းသက်ခြင်းသည် အရေးကြီးပါသည်။ ဆင်းသက်မှု နည်းစနစ် အားနည်းခြင်းသည် အဆစ်များ၊ အရွတ်များနှင့် ကြွက်သားများပေါ်တွင် အလွန်အကျွံ ဖိအားများကို ဖြစ်စေနိုင်ပြီး ACL ဟုသိကြသော ဒူးအတွင်း အရွတ် ပြဲခြင်း၊ ခြေချင်းဝတ် အရွတ်များ ပြဲခြင်း နှင့် အရိုးများဖိအားကြောင့် အက်သွားခြင်းကဲ့သို့သော ဒဏ်ရာများကို ဖြစ်စေသည်။
Biomechanics ဘာသာရပ် ပိုင်းဆိုင်ရာ သုတေသန ပြုချက်များအရ နည်းစနစ် မှားယွင်းစွာ ဆင်းသက်ခြင်း များ သည်ဒဏ်ရာများ တိုးပွားလာနိုင်ကြောင်း တွေ့ရှိခဲ့ပါသည်။ လေ့လာမှုများအရ (Myer et al., 2013; Emery et al., 2015) မှန်ကန်သောဆင်းသက်မှု ဖြင့်လေ့ကျင့်ခြင်းသည် ခြေထောက်ပိုင်း ဒဏ်ရာများကို သိသိသာသာ လျော့ကျစေပြီး ဆေးဝါးကုသမှုများ၏ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချ ပေးကြောင်း ဖေါ်ပြခဲ့ကြသည်။
လေ့ကျင့်ရန်
၁။ ပျော့ပျော့ပျောင်းပျောင်း ဆင်းသက်ခြင်းကို လေ့ကျင့်ပါ
ကြွက်သားများနှင့် အဆစ်များ ခြေဖဝါးပြားတို့မှ ခုန်ချသောအားကို စုပ်ယူနိုင်စေပြီး ပျော့ပျော့ပျောင်းပျောင်း လေး ဆင်းသက်သင့်သည်။ ” ဗွီဒီယိုထဲက နင်ဂျာများ ဆင်းသက်ခြင်း” ကို စိတ်ကူးကြည့်ပါ၊ ဖွဖွ ပျော့ပျော့ပျောင်းပျောင်း လေး ဖြစ်ရမည်။
၂။ ဆင်းသက်စဉ်တွင် ဒူးကိုအသာလေး အလိုက်သင့်လေး ကွေးလိုက်ပါ
၎င်းသည် အဆစ်များပေါ်သို့ ကျသော ဖိအားများကို လျှော့ချပေး ကာ သက်ရောက်လာသော အားများကို အခြား နေရာများသို့ပါ ဖြန့်ကျက်လိုက်ပါသည်။
၃။ Hip Joint ဟုခေါ်သော တင်ပါးဆုံ အဆစ်သည်လည်း အလိုက်သင့်လေး ကွေးလိုက်ကာ တင်ပါးကို နောက်သို့ ပြစ်လိုက်ပါ။
ကျောရိုးကို သဘာဝအတိုင်း ဖြောင့်ဖြောင့်လေးထားပေးပါ။ အလွန်ကုန်းနေခြင်း ကော့နေခြင်းက ခါးဒဏ်ရာ ဖြစ်နိုင်သည်။ ရင်ကို လည်းမတ်မတ်လေး ပုံစံရှိနေရပါမည်။
အလိုင်းမန့် (သို့) ခန္ဓာအနေအထားကိုကို မှန်ကန်စွာ ထိန်းသိမ်းရန် သင့်ဒူးများကို သင့် ခြေဖဝါး များနှင့် တတန်းထဲဖြစ်နေပါစေ။ ခြေဖဝါး အကြဲ သည် ဒူးအကြဲ အကွာအဝေး အတိုင်း ဖြစ်ပါစေ။ ဒူးသည် ရှေ့သို့ ခြေဖဝါး များထက်ရှေ့ သို့လည်းမရောက်ရ နောက် သို့လည်းမရောက်နေစေရပါ။
မိမိ လုပ်ရသော အားကစား၏ ခုန်ပြီး ကျပုံ များကိုမူတည်၍ကျင့်ပါ။ ဥပမာ ခြေစုံကျခြင်း၊ ခြေတချောင်းထဲကျ ခြင်း၊ ကိုယ်လှည့်ပြီး ကျခြင်း
အနှစ်ချုပ်ရပါက
၁ ။ဆင်းသက်စဉ်တွင် ဒူးကိုအသာလေး အလိုက်သင့်လေး ကွေးလိုက်ပါ
၂။ တင်ပါးဆုံ အဆစ်သည်လည်း အလိုက်သင့်လေး ကွေးလိုက်ကာ တင်ပါး ကို နောက်သို့ ပြစ်လိုက်ပါ။
၃။ ကျောရိုးကို ဖြောင့်ဖြောင့်လေး၊ ရင်ကို လည်းမတ်မတ်လေး ပုံစံရှိနေရပါမည်။
မှန်ကန်သော အလိုင်းမန့် ထိန်းသိမ်းရန် သင့်ဒူးများကို သင့် ခြေဖဝါး များ နှင့် တတန်းထဲဖြစ်နေပါစေ။
Photo/video credit
ဒေါက်တာစိုးလူကျော်
M.B.,B.S,M.Med.Sc (Rehabilitation medicine),
MSc Sports & Exercise medicine (Cardiff/ UK),
Fellowship in Musculoskeletal Ultrasound (NTUH/ Taiwan)
အကြော၊ အဆစ်၊ပြန်လည်သန်စွမ်းရေး၊ အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကုဆရာဝန်
References
- Hewett, T. E., Myer, G. D., Ford, K. R., Heidt Jr, R. S., Colosimo, A. J., McLean, S. G., … & Succop, P. (2006). Biomechanical measures of neuromuscular control and valgus loading of the knee predict anterior cruciate ligament injury risk in female athletes: a prospective study. The American journal of sports medicine, 33(4), 492-501.
- Sugimoto, D., Myer, G. D., Barber Foss, K. D., & Hewett, T. E. (2015). Specific exercise effects of preventive neuromuscular training intervention on anterior cruciate ligament injury risk reduction in young females: meta-analysis and subgroup analysis. British journal of sports medicine, 49(5), 282-289.
- Myer, G. D., Sugimoto, D., Thomas, S., Hewett, T. E. (2013). The influence of age on the effectiveness of neuromuscular training to reduce anterior cruciate ligament injury in female athletes: A meta-analysis. American Journal of Sports Medicine, 41(1), 203-215.
- Emery, C. A., Roy, T. O., Whittaker, J. L., Nettel-Aguirre, A., van den Berg, C., & Hagel, B. E. (2015). Neuromuscular training injury prevention strategies in youth sport: a systematic review and meta-analysis. British journal of sports medicine, 49(13), 865-870.
- Padua, D. A., DiStefano, L. J., Beutler, A. I., De La Motte, S. J., DiStefano, M. J., & Marshall, S. W. (2012). The landing error scoring system as a screening tool for an anterior cruciate ligament injury–prevention program in elite-youth soccer athletes. Journal of athletic training, 47(5), 516-525.
- Myer, G. D., Faigenbaum, A. D., Ford, K. R., Best, T. M., Bergeron, M. F., & Hewett, T. E. (2011). When to initiate integrative neuromuscular training to reduce sports-related injuries and enhance health in youth?. Current sports medicine reports, 10(3), 155-166.