ဒေါက်တာစိုးလူကျော်

လက်ကောက်ဝတ်ရှိလက်မအရွတ်များနာကျင်ခြင်း

De Quervain's tendons affected diagram with label

#လက်ကောက်ဝတ်ရှိလက်မအရွတ်များနာကျင်ခြင်း De Quervain’s tenosynovitis

#DeQuervain‘sDisease သည် လက်ကောက်ဝတ် ရှိ လက်မ၏လှုပ်ရှားမှုကို ထိန်းချုပ်သည့် အရွတ် ရောင်ခြင်း၊ နာခြင်း ဖြစ်ပါသည်။ ရောဂါအမည်ကို ၂၀ ရာစုအစောပိုင်းတွင် ပထမဆုံး ဖော်ပြခဲ့သော ဆွစ်ဇာလန်က ခွဲစိတ်ဆရာဝန် Fritz de Quervain ၏ အမည် ကို ဂုဏ်ပြု မှည့်ခေါ်ခြင်းဖြစ်သည်။

#အများဆုံးဖြစ်ရသောအကြောင်းအရင်း

လက်ကောက်ဝတ်နှင့် လက်မတို့ကို အလွန်အကျွံ အသုံးပြုခြင်း၊ ထပ်ခါတလဲလဲ ပုံစံတူ လှုပ်ရှား မှုကို လုပ်နေရ ခြင်းကြောင့် ဖြစ်ပေါ်တတ်ပါသည်။ လက်၏ ထပ်ခါတလဲလဲ ဆုပ်ကိုင်ခြင်း၊ လှည့်ခြင်း၊ လိမ်ခြင်း၊ သို့မဟုတ် မြှောက်ခြင်း ပါ၀င်သည့် လှုပ်ရှားမှုများသည် ကြာလာသောအခါ အရွတ်များကို အနှောင့်အယှက်ဖြစ်စေပြီး ရောင်ရမ်းခြင်း တို့ကို ဖြစ်ပေါ်စေပါသည်။

ကုသမှုများ ကို အောက်တွင်ဖေါ်ပြထားပါသည်။

#အနားယူခြင်း

အရွတ်များ ရောင်ရမ်းခြင်း၊ နာခြင်း သက်သာလာစေရန် နာစေသော၊ ပိုဆိုးစေသော လှုပ်ရှားမှုများကို ရှောင်ကြဉ်ရန် အရေးကြီးပါသည်။

#ရေခဲကပ်ခြင်း

နာကျင်သောနေရာကို ရေခဲကပ်ပေးခြင်းသည် ရောင်ရမ်းခြင်းကို သက်သာစေပြီး နာကျင်မှုကို သက်သာ စေ နိုင်သည်။

#ကြပ်စည်းခြင်း

လက်ကောက်ဝတ်နှင့် လက်မကို မလှုပ်စေရန်၊ ရောင်နေသော အရွတ်များ အနားရစေ ရန် အတွက် ကြပ်စည်း ခြင်းကလည်း သက်သာစေသည်။ Thumb Spica Splint ဟု မေးမြန်း ရှာနိုင်ပါသည် (ပုံတွင်ကြည့်ပါ)။

#အကြော၊အဆစ်၊ ကာယကုသခြင်း #Physiotherapy

ထိခိုက်နေသော အရွတ်များ အရောင်ကျစေရန်၊ အားကောင်းစေရန် နှင့် လက်မလှုပ်ရှားမှုကို တိုးတက်စေရန် စက်ကိရိယာများ၊ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ များနှင့်ကုသမှုများပါဝင်ပါသည်။

#ထိုးဆေး

ရောင်ရမ်းမှုနှင့် နာကျင်မှုကို လျှော့ချရန်အတွက် ကော်တီကို စတီးရွိုက်ထိုးဆေးများကို လည်းထိုးလေ့ရှိသည်သည်။ သွေးရည်ကြည်ကုထုံး စသည့် ဆေးထိုးကုသနည်းများလည်း ကုကြသည်။

#ဆေးဝါးများ

အကိုက်အခဲပျောက်ဆေးများကလည်း နာကျင်မှု၊ ရောင်ရမ်းမှုကို သက်သာစေပါသည်။

#ခွဲစိတ်ကုသခြင်း

မသက်သာပါက ခွဲစိတ်ကုသမှု များနှင့်လည်းကုသ နိုင်ပါသည်။

ဒေါက်တာစိုးလူကျော်

M.B., B.S,

M.Med.Sc (Rehabilitation medicine),

MSc Sports & Exercise medicine (Cardiff/ UK),

Fellowship in Musculoskeletal Ultrasound (NTUH/ Taiwan)

အကြော၊ အဆစ်၊ပြန်လည်သန်စွမ်းရေး၊ အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကုဆရာဝန်

Exit mobile version