ရေဓာတ်လုံလောက်ပါစေ
ပြိုင်ပွဲကာလအတွင်း အားကစားသမားများအတွက် လုံလောက်သောအရည်များ သောက်သုံးမှုသည် အရေးကြီးပါသည်။ ရေဓာတ်ခမ်းခြောက်ခြင်းသည် စွမ်းဆောင်ရည်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်တက်ခြင်းနှင့် ဉီးနှောက်၏ လုပ်ဆောင်မှု ကျဆင်းခြင်းတို့ ဖြစ်စေနိုင်သည်။ အားကစားသမားများသည် ပွဲမစမီ၊ ကျင်းပချိန် နှင့် ပွဲအပြီးတွင် ပတ်ဝန်းကျင်အခြေအနေနှင့် တစ်ဦးချင်းလိုအပ်ချက်ပေါ်မူတည်၍ ပမာဏကို ချိန်ညှိကာ ရေကို စနစ်တကျသောက်သုံးသင့်သည်။
(ကွမ်းငုံခြင်းက ရေဓါတ် ချို့ယွင်းစေနိုင်)
အဟာရပြည့်အောင်စားပါ
အကောင်းဆုံးသော အားကစားစွမ်းဆောင်ရည်အတွက် လိုအပ်သော စွမ်းအင်ကို ပေးဆောင်ရန် သင့်လျော်သောအာဟာရသည် မရှိမဖြစ်လိုအပ်ပါသည်။ အားကစားသမားများသည် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်၍ မျှတသော အစားအစာကို စားသုံးသင့်သည်။ ကာဗိုဟိုက်ဒရိတ်သည် ခံနိုင်ရည်အား၊စွမ်းအင် မြှင့်တင်ရန်အတွက် အထူးအရေးကြီးပြီး၊ ပရိုတင်းများသည် ကစား၍ ပျက်စီးသွားတတ်သော ကြွက်သားများ ပြုပြင်ခြင်းနှင့် ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးသည်။
သင့်ခန္ဓာကပြောနေသည်ကိုနားထောင်လိုက်ပါ
အားကစားသမားများသည် ခန္ဓာကိုယ်က အချက်ပြမှုများကို အာရုံစိုက်သင့်သည်။ နာကျင်ခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းများကိုခန္ဓာကိုယ်က အချက်ပြ နေပါလျက် အနားမပေးခြင်းက ဒဏ်ရာများကို ဖြစ်စေနိုင်သည်။ လုံလောက်စွာအနားယူခြင်း စီမံချက်များကို ချမှတ်ထားရသလို၊ အနားပေးဖြည့်ဆည်းမှု Recover လုပ်ရန်လည်း မဟာဗျူဟာများကို နည်းပြ၊ ကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်း ပြုလုပ်ထားသင့်သည်။
နားပါrecoveryလုပ်ပါ
လုံလောက်စွာ အနားယူခြင်းသည် ခန္ဓာကိုယ်အား ပြန်လည်ကောင်းမွန်ရန်နှင့် လေ့ကျင့်ရေးဖိစီးမှုကို တွန်းလှန်ရန်အတွက် အရေးကြီးပါသည်။ အိပ်စက်ချိန်သည် ခန္ဓာကိုယ်မှ တစ်သျှူးများကို ပြန်လည်ပြုပြင်ပြီး ဟော်မုန်းထုတ်ပေးသည့်အချိန်ဖြစ်သောကြောင့် လုံလောက်သောအိပ်စက်မှုကို မဖြစ်မနေလုပ်ရမည်။လွယ်ကူစွာလုပ်နိုင်သော အကြောလျော့ခြင်း၊ နှိပ်နယ်ခြင်းကဲ့သို့သော အနားပေးဖြည့်ဆည်းခြင်း လုပ်ငန်းများသည် အထောက်အကူဖြစ်စေနိုင်သည်။
နည်းပြ၊ ကစားသမား၊ ကျန်းမာရေး ပညာရှင် ပူးပေါင်းဆောင်ရွက် တိုင်ပင်၍ ယှဉ်ပြိုင်သွားပါက စိတ်ကျေနပ်စရာ ရလဒ်များ ရနိုင်ပါမည်မဟုတ်ပါလား
ကွမ်းနှင့်အားကစား
https://www.facebook.com/1770784197/posts/10210962122086953/
ရေဓာတ်အရေးပါပုံ
https://www.facebook.com/1770784197/posts/10210979120071892/
အားကစားအဟာရ
ရေခဲစိမ်ခြင်း
https://m.facebook.com/story.php?story_fbid=10210956618029355&id=1770784197&mibextid=Nif5oz
အားကစား အဟာရ
ဒေါက်တာစိုးလူကျော်
M.B.,B.S,M.Med.Sc (Rehabilitation Medicine),
M.Sc (Sport and Exercise Medicine, Cardiff/UK),
Fellowship in Musculoskeletal ultrasound/NTUH Taiwan)
အကြော၊အဆစ်၊ပြန်လည်သန်စွမ်းရေး၊အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကု၊