လည်ပင်းအဆစ်စသည်များလှုပ်ရှားမှုသည့်အခါအသံမြည်နေပါသလား
#လည်ပင်းအဆစ်စသည်များလှုပ်ရှားမှုသည့်အခါအသံမြည်နေပါသလားလည်ပင်း ၊အဆစ်များကို လှုပ်ရှားမှုသည့်အခါ တခါတရံ ဂျွတ်ဂျွတ် သို့မဟုတ် ဗျောက်ဗျောက် အသံမည်သည်ဟု ပြောလေ့ရှိပါသည်။ ထိုအသံသည် သင့်အဆစ်များပတ်ပတ် လည်ရှိ အရည်များတွင် နိုက်ထရိုဂျင် ဓာတ်ငွေ့ပူဖောင်းငယ်များကြောင့် ဖြစ်လေ့ရှိသည်။အဆစ်ကို လှုပ်ရှားလိုက် သောအခါ ဒီပူဖောင်းတွေက အရွတ်အဆစ်နဲ့ ညပ်မိပြီး ပေါက်သွားပြီး အသံတွေ ထွက်လာနိုင်ပါသည်။ ပုံမှန်အားဖြင့် အန္တရာယ်ကင်းပြီး စိုးရိမ်စရာ မလိုပါ။ အသက်ကြီးလာသည် နှင့်အမျှ ပိုမိုကြားရ နိုင်လာစရာရှိသော်လည်း နာကျင်မှုမရှိလျင် စိုးရိမ်စရာမရှိပါ။
ဒေါက်တာစိုးလူကျော်
M.B.,B.S,M.Med.Sc (Rehabilitation Medicine),
M.Sc (Sport and Exercise Medicine, Cardiff/UK),
Fellowship in Musculoskeletal ultrasound/NTUH Taiwan)
အကြော၊အဆစ်၊ပြန်လည်သန်စွမ်းရေး၊အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကု၊ဇမ္ဗူ သီရိ အထူးကုဆေးရုံကြီး