ဓမ္မတာလာခြင်းကို ရက်ရွှေ့ခြင်း

ဓမ္မတာလာခြင်းကို ရက်ရွှေ့ခြင်း Menstrual Cycle Manipulation
အမျိုးသမီးအားကစားသမားများ၊ စစ်မှုထမ်းသူများ၊ ခရီးသွားလုပ်သားများနှင့် အခြား ရောဂါကြောင့် သွေးဆင်းများသူ အမျိုးသမီးများအတွက် ဓမ္မတာလာခြင်းကို ထိန်းညှိခြင်း သည် အရေးကြီးပါ သည်။
ဓမ္မတာလာခြင်းကို ထိန်းညှိခြင်းဆိုသည်မှာ လစဉ်သွေး ရာသီဆင်းခြင်းကို ဟော်မုန်းများဆေးများ အကူဖြင့် ရပ်တန့်စေသောနည်းလမ်းဖြစ်သည်။ ဓမ္မတာမလာမီ သို့မဟုတ် ဓမ္မတာ လာနေစဉ် ကာလများတွင် အားကစားသမား အနေနှင့်သူ၏စွမ်းဆောင်ရည်ကျဆင်းသည်ဟု ခံစားရပါက ထိုကာလများကို မကြုံရစေရန် ဓမ္မတာလာခြင်းကို ထိန်းညှိ ရက်ရွှေ့လိုကြသည်။သာမန်အမျိုးသမီးများတွင် သို့မဟုတ် အားကစားသမားများတွင် ဓမ္မတာဖြစ်မည့်နေ့နှင့် သူမ အရေးကြီး ဆောင်ရွက်ဖွယ်များ (ခရီးသွားချိန်၊ အရေးကြီး အားကစားပြိုင်ပွဲ) ကြုံနေပါက ရက်ရွှေ့ခြင်းကို စီမံနိုင်ပါသည်။ အကောင်းဆုံးနည်းလမ်းမှာ သားဆက်ခြားဆေး (oral contraceptive pill) ကိုအသုံးပြုခြင်းဖြစ်သည်။
အရေးကြီးသော အချက်
ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ လုပ်သင့်ပါသည်။ အားကစားပြိုင်ပွဲ (သို့) အရေးကြီးအချိန်မတိုင်ခင် ဓမ္မတာ မလာအောင် ဆေးသောက်မည်ဆိုပါက ကြိုတင်စီမံထားဖို့ အရေးကြီးပါသည်။ ယခုမှ ဟော်မုန်းဆေး စသောက်မည့်သူများအတွက် ပြိုင်ပွဲမတိုင်ခင် အနည်းဆုံး ၁ လ (သို့) ၂ ကတ်သောက်ထားဖို့ အကြံပြုထားပါသည်။ အားကစားသမားများ အဖို့ အရေးကြီးပွဲကလ မတိုင်မီ အနည်းဆုံး သုံးလကြိုတင်၍ ဆေးဝါးစမ်းသပ်မှု ပြူလုပ်ရန် အကြံပြုထားပါသည်။
ဘယ်လိုလုပ်မလဲ?
နည်းလမ်း ၁။ သာမန် သန္ဓေတားဆေးကဒ်မှာ ဟော်မုန်းဆေးလုံး ၂၁ လုံး + ဟော်မုန်း မပါသောသကြားဆေးလုံး ၇ လုံး ပါဝင်ပါသည်။ယျေဘူယျ အားဖြင့် သန္ဓေတားသူများမှာ ဓမ္မတာလာခြင်းက သကြားလုံးသောက်တဲ့ ၇ ရက်အတွင်း ပေါ်လာတတ်ပါသည်။( ၂၈ လုံးဆေးကတ်တွင် ၄ တန်းပါရှိပြီး အပေါ် ၃တန်းက ဟော်မုန်းဆေး၊ ၄ တန်းမြောက်က သကြားဆေးလုံး)
ဓမ္မတာလာကိုရွှေ့နည်း (Continuous Use) ကတော့ သကြားဆေးလုံး ၇ ရက်စာကို မသောက်တော့ပဲ ကျော်၍ နောက်ဆေးကတ်အသစ်ကို အစလုံးမှ စ၍ဆက်သောက် ခြင်းဖြစ်ပါသည်။
နည်းလမ်း ၂။ နောက်တစ်နည်းကတော့ ပြိုင်ပွဲ မစခင် ၁၀ ရက်လိုတွင် သန္ဓေတားဆေး သောက်ခြင်းကို ရပ်လိုက်ပါက၊ ရပ်ပြီး ၂-၃ ရက်အတွင်း “Withdrawal Bleed” ဆေးဖြတ် ဓမ္မတာရာသီ စဆင်းလာပါမည်။ နည်းလမ်း ၁ ကတော့ ဓမ္မတာပြီးသည့်နေ့တွင် ဆေးကဒ် အသစ်ကို ပုံမှန်စက်ဝန်းအတိုင်း သောက်ရန်ဖြစ်ပါသည်။ နည်းလမ်း ၂ ကတော့ ပြိုင်ပွဲအပြီးမှသာ ဆေးပြန်စသောက်ပါက ဓမ္မတာရာသီ ကို နောက်တစ်ကြိမ် ထပ်ရွှေ့ နိုင်သည်။
နည်းလမ်း ၃ ။ပရိုဂျက်စတုန်းဟော်မုန်း ထိုးဆေး ၃ လခံဆေး ဟုခေါ်ကြသော သန္ဓေတားဆေး သည် ဓမ္မတာ ဆင်းခြင်းကို လုံးဝရပ်တန့်စေနိုင်သည်။ ၃ လတစ်ကြိမ်တော့ ထိုးဆေးပြန်လည်ထိုးရန် လိုအပ်ပါသည်။
နည်းလမ်း ၄။ Norethisterone ဆေးကို ဓမ္မတာ ဖြစ်စေချင်သည့် ၃-၄ ရက်အလို (များသောအားဖြင့် ဓမ္မတာ ရလိုသည့် ၅ ရက်အလို) ကတည်းက စတင်သောက်သုံးရန် လိုပါသည်။ ဆေးပမာဏကတော့ ၅ မီလီဂရမ် (တစ်နေ့လျှင် ၃ ကြိမ်) နှင့် သောက်သုံးရမည့်ကာလကတော့ အများဆုံး ၁၀-၁၄ ရက်အထိ ။ ဆေးသောက်ရပ်ပြီး ၂-၃ ရက်အတွင်း “Withdrawal Bleeding” ဓမ္မတာ ဆင်းခြင်း စတင်လာပါမည်။
အထက်ဖေါ်ပြပါနည်းများသည် အသုံးများသောနည်းများဖြစ်ပါသည်။ အခြားနည်းများလည်း ရှိပါသေးသည်။
Menstrual Suppression Techniques lists
1. Hormonal Methods
(A) Combined Hormonal Contraceptives (CHCs)
- Extended/Continuous Oral Contraceptives (e.g., Seasonique®, Amethyst®)
Take active pills for 3–12 months without placebo breaks to suppress periods.
- Vaginal Ring (NuvaRing®)
Can be used continuously (replace every 3–4 weeks without withdrawal breaks).
- Transdermal Patch (Xulane®)
Apply weekly; skip the patch-free week to avoid bleeding.
(B) Progestin-Only Methods
- Depo-Provera (DMPA) Injection
- Levonorgestrel IUDs (Mirena®, Kyleena®)
- Etonogestrel Implant (Nexplanon®)
ဒေါက်တာစိုးလူကျော်
M.B., B.S,M.Med.Sc (Rehabilitation medicine),
MSc Sports & Exercise medicine (Cardiff/ UK),
Fellowship in Musculoskeletal Ultrasound (NTUH/ Taiwan)
အကြော၊ အဆစ်၊ပြန်လည်သန်စွမ်းရေး၊ အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကုဆရာဝန်
References
Khan, K. M., & Brukner, P. (Eds.). (2022). Brukner & Khan’s clinical sports medicine (5th ed., Vols. 1–2). McGraw-Hill Education.
Martin, D., & Song, J. (2021). Menstrual suppression in female athletes: Current perspectives and future directions. International Journal of Environmental Research and Public Health, 18(4), 1667. https://doi.org/10.3390/ijerph18041667
Smith, A., & Johnson, B. (2023). The role of norethisterone in menstrual manipulation: A review for athletes and clinicians. Journal of Sports Medicine and Hormonal Health, 15(2), 45-60. https://doi.org/10.53646/18gvj154