ဒါဏ်ရာများ ကနဦးစီမံခြင်း

RICE principle ဒါဏ်ရာများ ကနဦးစီမံခြင်း

အားကစား ကြောင့်ဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ဖြစ် ဒါဏ်ရာ တခုခု ရသွားလျှင် ကနဦး ပြုစုကုသမှုသည် အရေးကြီးလှပါသည်။ ယခုတင်ပြမည့် RICE Principle သည် လတ်တလော ဒါဏ်ရာများ နာကျင်မှု ရောင်ရမ်းမှု တို့ကို သက်သာစေရန်နှင့် အနာကျက်မှု အမြန်ဆုံး တိုးတက်စေရန် သတ်မှတ်ကျင့်သုံး နေကြသော နည်းဥပဒေသ ဖြစ်ပါသည်။ အင်မတန် လွယ်ကူ ရိုးစင်းလှသော်လည်း ရုတ်တရက် ဒါဏ်ရာ ရလျှင် ကနဦးကုသမှု လုပ်ငန်းစဉ်သည် အမှုမဲ့ အမှတ်မဲ့ ဖြစ်နေလေ့ရှိပါသည်။ အပျော်တမ်း ကစားသမား များအကြား အဆိုပါ ဗဟုသုတ နှင့် ကျင့်သုံးမှု များသည်လည်း အားနည်း သေးသည်ကို တွေ့ရပါသည်။ ဤ ကနဦး ကုသမှု လုပ်ငန်းစဉ် ကို အသေးအမွှား အနေနှင့် သဘောမထားပဲ လိုက်နာကျင့်သုံးပါက ဒါဏ်ရာများ ကုသမှု ပိုမို အကျိုးရှိစေ၍ နိုင်ငံအတွက် အကျိုးရှိစေ ပါမည်။ နိုင်ငံတကာရှိ ကမ္ဘာ ကျော် အားကစားသမားများ ပင်လိုက်နာကျင့်သုံးနေကြသော ကနဦး ကုသမှု လမ်းစဉ်ပင်ဖြစ်ပါသည်။

‌R = rest ဒါဏ်ရာ ရလျှင် ဒါဏ်ရာ ရ အစိတ်အပိုင်း တို့အနာကျက်စေရန် အနားပေးရပါသည် ။ လှုပ်ရှားမှု တို့သည် ပိုမိုရောင်ယမ်း စေသည်။ ဒါဏ်ရာရ သော အစိတ်အပိုင်းကို ၄၈ နာရီ ခန့် အသုံးပြုမှု လျှော့ခြင်း ၊အသုံး မပြုခြင်း တို့ပြုသင့်ပါသည်။ ဥပမာ ခြေဒါဏ်ရာ ဖြစ်ပါက ဂျိုင်းထောက် တုတ်ကောက် စသည်တို့အသုံးပြု၍ နာကျင်သော အစိတ်အပိုင်း ၏ လုပ်ငန်းတာဝန်ကို လျော့ချခြင်း။

‌I = ice ရေခဲကပ်ခြင်းသည် နာကျင်မှု ရောင်ရမ်းမှု တို့ကို လျော့ကျစေသည်။ ရေခဲကို ၂၀ မိနစ် ၂ နာရီ ခြားတခါ (၄၈ နာရီ ) ကပ်ပါ ၊ အသားနှင့် တိုက်ရိုက်မထိစေရန် အဝတ်စသည့် တခုခု ခံထားပါ

‌C = compression ဒါက်ရာရသောနေရာကို elastic bandage ပတ်တီးပျော့၊ splint ကျပ်စီးခြင်း၊ ပတ်တီး၊ Tape စသည် တို့ဖြင့် ဖိကပ်ထားပါ။

‌E = elevation ဒါဏ်ရာရ သော အစိတ်အပိုင်း ကို ရောင်ရမ်းသော အရည်များ စီးဆင်းစေရန် အနည်းငယ် မြှင့်ထားပေးပါ

‌၇၂ နာရီအတွင်း HARM ကိုရှောင်

H=heat အပူပေးခြင်း ဆေး အပူ တို့သည် ရောင်းရမ်းခြင်းကို ပိုဆိုးစေသည်

A=alcohol သုတေသနများအရ အရက်စသည်တို့သည် နာကျင်မှုနှင့် ဒါဏ်ရာ ပြင်းထန်မှုကို ယစ်မူး ဖုံးကွယ် ထားသဖြင့် နောက်ထပ် ဒါဏ်ရာ ပြင်းထန် စွာရစေနိုင်သည်

R = running ပြေးခြင်းသည်လည်း ဒါဏ်ရာကို ဆိုးစေသည်

M = massage နှိပ်ခြင်းသည်လည်း ပိုရောင်စေသည် ပိုနာစသည် ဒါဏ်ရာ ဆိုးစေသည်

Leave a Reply

Your email address will not be published. Required fields are marked *