ဂေါက်ရောဂါ နာရာတွင် ခြေမတွေမှာ ဘာကြောင့် အဖြစ်များပါသလဲ?
ဂေါက်ရောဂါသည် အဆစ်များတွင် ယူရစ်အက်ဆစ်ပုံဆောင်ခဲများ စုပုံလာခြင်းကြောင့် ဖြစ်သော ရောင်ရမ်းအဆစ်နာ အမျိုးအစားဖြစ်သည်။ ဂေါက်ရောဂါသည် ခန္ဓာကိုယ်ရှိ အဆစ်အမျိုးမျိုးကို ထိခိုက်နိုင်သော်လည်း အဖြစ်များဆုံးမှာ ခြေမများဖြစ်သည်။ ဂေါက်သည် ခြေမများကို ပစ်မှတ်ထားခံရသည့် အကြောင်းရင်းအချို့ကို တင်ပြပါမည်။
ယူရစ်အက်ဆစ်သည် အေးသောအချိန်တွင် ပုံဆောင်ခဲများ ခဲများဖြစ်ပေါ်နိုင်ချေ ပိုများသည်။ ခန္ဓာကိုယ်၏ အစွန်းများ လက်ချောင်းများနှင့် ခြေချောင်းများသည် ယေဘုယျအားဖြင့် အခြားအစိတ်အပိုင်းများထက် အေးနေ သောကြောင့် (core /ကိုယ် အူလယ်တိုင် နှင့်ဝေးနေ၍) ထိုနေရာများတွင် ယူရစ်အက်ဆစ်ပုံဆောင်ခဲများ ဖြစ်ပေါ်နိုင်ခြေကို တိုးစေသည်။ ထို့အပြင် ခြေချောင်းကြီးသည် အခြားအဆစ်များနှင့် နှိုင်းယှဉ်ပါက နှလုံးနှင့်ဝေးနေသောကြောင့် သွေးစီးဆင်းမှု အနည်းငယ်နည်းနိုင်သည်။ သွေးစီးဆင်းမှု လျော့နည်းခြင်းသည် ယူရစ်အက်ဆစ်ပုံဆောင်ခဲများ စုစည်းမှုကို အထောက်အကူဖြစ်စေနိုင်ပြီး၊ သွေးကြောသည် ပိုလျှံနေသော ယူရစ်အက်ဆစ်ကို ထိရောက်စွာ မသယ် ဆောင်နိုင် တော့ဟုထင်ကြသည်။
ခြေမများ၏ခြေရင်းရှိ metatarsophalangeal အဆစ်သည် ခန္ဓာကိုယ်အလေးချိန်ကိုမထားရပြီး လှုပ်ရှားမှုများက ဖိအားနှင့် ဝန်ဖိစီးမှုဒဏ်ကို ခံရသည်။ ခြေမများသည် လမ်းလျှောက်ခြင်း၊ ပြေးခြင်းနှင့် အခြားလှုပ်ရှားမှုများကြောင့် မကြာခဏ ဒဏ်ရာများ ရရှိနိုင်သည်။ ဤအသေးအဖွဲ ဒဏ်ရာများမှစ၍ ရောင်ရမ်းစေသော ဓါတ်များကို ထုတ်ကာ ဂေါက်ရောဂါထ စေနိုင်သည်။
(photos from internet resources)
ဒေါက်တာစိုးလူကျော်
M.B.,B.S,M.Med.Sc (Rehabilitation medicine),
MSc Sports & Exercise medicine (Cardiff/ UK),
Fellowship in Musculoskeletal Ultrasound (NTUH/ Taiwan)
အကြော၊ အဆစ်၊ပြန်လည်သန်စွမ်းရေး၊ အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကုဆရာဝန်