ဆီးမထိမ်းနိုင်ဘူးလား
ကျွန်တော့ မိဘတွေ အရွယ် အသက် ၆ဝ ကျော်တွေဆီက အသက်လေးတွေရလာတော့ ဆီးပေါက်ချင်လာရင် ဆီးမထိမ်းနိုင်ဘူး လို့ ေပြာပြောလာကြပါတယ်၊ အရွယ်လေးရလာတော့ ဆီးဝမ်း လမ်းကြောင်းတလျှောက်ကြွက်သားတွေ အားနည်းလာတတ်ပါတယ်၊ အောက်ဖော်ပြပါ ဗွီဒီယို လေးအတိုင်း လေ့ကျင့်ခန်းလေးကိုလုပ်ပေးခြင်းဖြင့် ဆီးဝမ်းလမ်းကြောင်းက ကြွက်သားတွေ အားပြန်ကောင်းလာပါလိမ့်မယ်၊ ကြိုတင်ကာကွယ်တဲ့ အနေနဲ့လည်း လုပ်နိုင်ပါတယ်၊
၁မှ၅ ထိရေတွက်၍ ကော့ပါ တင်ပါးကိုညှစ်ပါ (ကျွန်တော့ ဆရာသင်ခဲ့တာတော့ အလွယ်မှတ်မိအောင် ဖင်ကြား ၁၀ပြားစိ ညှပ်ပြီး ညှစ်တယ် သဘောထားတဲ့၊ တကယ်လဲ သဘောပေါက်လွယ်တဲ့ ဥပမာပါ)
၁၀ကြိမ်။ တစ်ရက် ၃ ကြော့ လောက်လုပ်ပါ။
ဒီလေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းဖြင့် ယခုဖြစ်နေသော ဆီးမထိမ်းနိုင်မှုနဲ့ နောင်ဖြစ်လာမယ် မထိမ်းနိုင်မှုတွေကို ကျိုးရှိစေမှာဖြစ်ပါတယ်၊ သင့်ကျန်းမာရေး အတွက် အရေးကြီးလှသော လေ့ကျင့်ခန်းများသည် ငွေမကုန် သော ကြောင့် လုပ်လိုက်ပါဟု တိုက်တွန်းအပ်ပါတယ်။
ဒေါက်တာ စိုးလူကျော်
M.B.,B.S
M.Med.Sc (Rehabilitation)
MSc (Sports & Exercise medicine/Cardiff, UK)
Fellowship in musculoskeletal ultrasound (NTUH Taiwan)