တံတောင်နာကျင်ခြင်း

အခု နောက်ပိုင်း ဆေးခန်းကို တံတောင်ဆစ် အပြင်ပိုင်းကြွက်သား နာလို့ ကိုက်လို့ဆိုပြီး လာကြတဲ့လူနာတွေများလာပါတယ်။
ပစ္စည်းတခုခု မြှောက်ရင် ၊ ဆုပ်ကိုင်ထားရင် (သို့) မနက်ဆိုရင် တံတောင်ဆစ်က တောင့်ပြီး ကိုက်ကိုက်နေတယ် စသည့် လက္ခဏာ များ ကို ပြောကြလေ့ရှိပါတယ်၊ တံတောင် အပြင်က ကြွက်သား(ပုံပါ) ကို ဖိစမ်းလိုက်ရင် အောင့်နာနာကြီးဖြစ်နေတာတွေ့ ရပါမယ်။
ဒီရောဂါကိုတော့ တင်းနစ်သမား တံတောင်ဆစ်(#Tennis Elbow)ရောဂါ လို့ ခေါ်လေ့ရှိပါတယ်။

တင်းနစ် ကစားသမားတွေများ အဖြစ်များလေ့ရှိတာကြောင့် ယေဘူယျ ခေါ်တာဖြစ်ပြီး အပြု အမူ တခုခုကို ခဏခဏ လုပ်ရသူ ဥပမာ ဝက်အူလှည့် ခဏခဏလှည့်ရသူ၊တူထုရသူ၊ဓားခုတ်ရသူ၊ ဆေးသုတ်သူ ပန်းချီဆွဲသူ၊ ဂေါက်သီးရိုက် ပင်ပေါင် စသည့် ကစားသမားအချို့ ၊ အချိန် ကြာကြာ တခုခုကို ဆုပ်ကိုင်နေရသူ သို့မဟုတ် ညှစ်ရသူတိုတွင် အရွတ်လေးတွေ အထဲမှာ သေးသေး သေးသေး နည်းနည်း နည်းနည်း ပြဲလာရမှ စလာပါတယ်၊ ယနေ့ ခေါတ်မှာ ဟန်းဖုန်းကို အချိန်များ စွာ ဆုပ်ကိုင် သုံးနေကြ၍ အဆိုပါ ရောဂါ တဖြည်းဖြည်း ဝင်ရောက်လာပြီး လက်ကညောင်းနာနာကြီး ကိုက်နေတယ် ဆုပ်ရတာ အားမရှိသလိုပဲ စသည်ဖြင့် ဆေးခန်း လာပြ လေ့ရှိပါတယ်။

ကုသရာမှာတော့

များသောအားဖြင့် အထက်ပါ အပြုအမူများကို ရှောင်ရင် အများစုကတော့ အလိုလို ပျောက်ကင်းသွားလေ့ရှိပါတယ်၊ နာတာဆိုးရင်တော့ အကိုက်ခဲပျောက်ဆေး၊ အရွတ် ဆေးထိုးခြင်း၊အပ်စိုက်ကုသခြင်း၊ အကြောအဆစ် ကျွမ်းကျင် ပညာရှင်များနဲ့ ကုသခြင်းဖြင့်လည်း အမြန်သက်သာစေပါတယ်၊ အိမ်မှာ ရေခဲ (သို့) ရေနွေး မိနစ်၂၀ ခန့်ကပ်ပေးခြင်း၊ တံတောင် အစွပ် စွပ်ပေးခြင်း၊ အကိုက်ခဲပျောက်ဆေးပါ လိမ်းဆေး တခုခု လိမ်းပြီး ဖြေးဖြေး နှိပ်နယ်ပေးခြင်း ကလည်း သက်သာမှု ရရှိကြောင်း သုတေသနများမှာ ဖော်ပြပါတယ်။ အဓိက အရေးကြီးတဲ့ အချက်ကတော့ ဒါဏ်ရာ တခုရရင် ပုံမှန် အခြေ အနေ ပြန်ရောက်ဖို့နောင် ပြန်မဖြစ်အောင် ကာကွယ်ဖို့ဒါဏ်ရာရနေရာ သွေးလည်ပတ်မှု ကောင်းစေဖို့ပြန်လည်သန်စွမ်းရေး လေ့ ကျင့် ခန်းများက အရေးကြီးလှပါတယ်။ (အောက်တွင် ပုံနှင့် တကွ ဖော်ပြထားပါတယ်)သင့်ကျန်းမာရေး အတွက် အရေးကြီးလှသော လေ့ကျင့်ခန်းများသည် ငွေမကုန် သော ကြောင့် လုပ်လိုက်ပါဟု တိုက်တွန်းအပ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ရန်

ဆွဲဆန့်ပါ ပုံပါအတိုင်း ၂၀ အထိ ရေတွက်၍ တင်းအောင်ထိ ဆွဲပေးပါ ၄ – ၅ ကျော့ခန့်
Credit to photo owner

ကြွက်သား သန်စွမ်းရေးလေ့ကျင့်ခြင်း
နာတာသက်သာ လာမှလုပ်ပါ
ပုံပါ အလေးဖြင့် လေ့ကျင့် မှု များကို ၁၀ကြိမ် ၃ ကျော့ လုပ်ပါ

Credit to photo owner


ဒေါက်တာ စိုးလူကျော်
M.B.,B.S
M.Med.Sc (Rehabilitation)
MSc (Sports & Exercise medicine/Cardiff, UK)
Fellowship in Musculoskeletal Ultrasound (NTUH/Taiwan)

အကြော၊ အဆစ်၊ပြန်လည်သန်စွမ်းရေး၊ အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကုဆရာဝန်

www.drsoeluukyaw.com

Leave a Reply

Your email address will not be published. Required fields are marked *